6 AM to 11 PM
care@telenor.com.mm
979
http://funhub.atom.com.mm
1.Service Name : FunHub
2.Partner Name : Bemobi, Part of Opera Group
3.Accessible Device: Featurephone and Android (Android Version 2.3 and Above)
4.Service Website link: https://funhub.atom.com.mm
5.Price Point Model: Subscription (Auto-Renewal)
6.Supported Language: English & Burmese (Language will be seen as per Browser Default Language)
FunHub Service အား subscribe ပြုလုပ်ရန်:
- https://funhub.atom.com.mm သို့ Android ဖုန်းဖြင့်ဝင်ရန်
- App တစ်ခုခုအားနှိပ်ပါ။ (သို့) အကောင့်သို့သွားပါ။
- 'Activate' ကိုနှိပ်ပါ။
- Double Confirmation Page သို့ခေါ်ဆောင်သွားပါလိမ့်မည်။ ‘Subscribe’ကိုနှိပ်ပါ။ထို့နောက် 'Activate' ကိုနှိပ်ပါ။
- ပြီးနောက်လုပ်ဆောင်မှုအောင်မြင်ကြောင်း SMS ရရှိပါလိမ့်မည်။
“FunHub” ဆိုတာဘာလဲ?
“FunHub” ဆိုသည်မှာအခကြေးငွေဖြင့်ဝယ်ယူရသည့် premium apps နှင့်ဂိမ်းများကိုအပတ်စဉ်ပုံသေဝန်ဆောင်ခနည်းနည်းဖြင့်အကြိမ်ရေအကန့်အသတ်မရှိဒေါင်းလုဒ်ပြုလုပ်နိုင်မည့်ဆန်းသစ်သည့်ဝန်ဆောင်မှုအသစ်တစ်ခုဖြစ်ပါတယ်။ယခုဝန်ဆောင်မှုကိုရယူထားရုံဖြင့်အကောင်းဆုံးသော Games, Kids, Tools, Health, Education, Photography အစရှိသောကဏ္ဍများစွာမှရာနှင့်ချီသော app များကိုသင့်အနေဖြင့်အလိုရှိသလောက်ရယူနိုင်မည်ဖြစ်ပါတယ်။
ဝန်ဆောင်ခအားမည်ကဲ့သို့ပေးဆောင်ရမလဲ?
Prepaid သုံးစွဲသူများအနေဖြင့်သင့်ရဲ့လက်ကျန်ငွေမှအလိုအလျောက်ဖြတ်တောက်သွားမည်ဖြစ်ပြီး Postpaid သုံးစွဲသူဖြစ်ပါကသင့်ရဲ့ invoice မှဖြတ်တောက်သွားမှာဖြစ်ပါတယ်။
ဝန်ဆောင်ခဘယ်လောက်ကျသင့်မှာလဲ?
သုံးစွဲသူအသစ်များအနေဖြင့် FunHub ဝန်ဆောင်မှုအားရယူပါကပထမဆုံး (၃)ရက်အခမဲ့သုံးနိုင်ပါတယ်။
အသစ်စတင်အသုံးပြုသူများအနေဖြင့် ထုတ်ကုန်အကျိုးခံစားခွင့်အဖြစ် အခမဲ့စမ်းသပ်အသုံးပြုခွင့်ရရှိနိုင်ပါသည်။ ထိုအချိန်နောက်ပိုင်းတွင် ဝန်ဆောင်ခမှာ တစ်ပတ်လျှင် ကျပ် ၇၀၀ + အခွန် သို့မဟုတ် တစ်နေ့လျှင် ကျပ် ၉၃ + အခွန် ဖြစ်ပြီး၊ သင်ဝန်ဆောင်မှုကို ဖျက်သိမ်းမချင်း အလိုအလျောက် ဆက်လက်သက်တမ်းတိုးသွားမည်ဖြစ်သည်။
FunHub ကို uninstall ပြုလုပ်ပါကဝန်ဆောင်မှုအလိုလျောက်ရပ်တန့်သွားပါသလား?
မရပ်တန့်ပါ။ FunHub ကို uninstall ပြုလုပ်ပါက App များဒေါင်းလုဒ်ခြင်းသာ မပြုလုပ်နိုင်တော့မည်ဖြစ်ပြီးunsubscribe ပြုလုပ်ရမှသာ ၀န်ဆောင်မှုများရပ်တန့်မည် ဖြစ်ပါသည်။
ဝန်ဆောင်မှုအားဆက်လက်အသုံးမပြုတော့ပါကဒေါင်းလုဒ်ပြုလုပ်ထားသောApp များအားဆက်လက်အသုံးပြုနိုင်ပါသလား?
မရနိုင်ပါ။ Appများမှာဝန်ဆောင်မှုနှင့်ချိတ်ဆက်ထားပါသဖြင့်ဝန်ဆောင်မှုရပ်တန့်လိုက်ပါကAppများအားသုံးစွဲခြင်းမှ ပိတ်ပင်သွားမည်ဖြစ်ပါသည်။သို့သော်သင့်၏အချက်အလက်များအားဝန်ဆောင်မှုရပ်တန့်ပြီး၂လတိတိသိမ်းဆည်းထားမည်ဖြစ်ပါသဖြင့်အဆိုပါအချိန်ကာလအတွင်းဝန်ဆောင်မှုပြန်လည်ရယူရုံဖြင့်Appများအားပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
FunHub ဝန်ဆောင်မှုအား Opera Mini Browser တစ်မျိုးတည်းနှင့်သာအသုံးပြုနိုင်ပါသလား?
မဟုတ်ပါ။ Opera Browser အပြင်အခြား Browser များနှင့်လည်းအသုံးပြုနိုင်ပါတယ်။သို့သော် App များအားအဆင်ပြေစွာအခမဲ့ဒေါင်းလုဒ်ပြုလုပ်နိုင်ရန်အတွက် Opera Mini Browser အားအသုံးပြုရန်အကြံပြုပါတယ်။အကယ်၍ Chrome/ Google Browser များဖြင့်အသုံးပြုပါကAppများအားအဆင်ပြေစွာအခမဲ့ဒေါင်းလုဒ်ပြုလုပ်နိုင်ရန် ‘Data Saver’ Mode အား (OFF) ပိတ်ထားရန် အကြံပြုပါတယ်။
FunHub ဝန်ဆောင်မှုရဲ့အားသာချက်များ?
FunHub ဝန်ဆောင်မှုကိုရယူလိုက်ရုံဖြင့်သင့်အနေနှင့်အကောင်းဆုံးသောApp များကို
- ပုံသေဝန်ဆောင်ခနည်းနည်းအပြင်အပိုဝန်ဆောင်ခကောက်ခံမှုမရှိခြင်း
- ကြော်ငြာများနှင့်မသင့်တော်သောအကြောင်းအရာများမပါ၀င်ခြင်း
- App အတွင်းပစ္စည်းများအားသီးသန့်ထပ်မံဝယ်ယူရန်မလိုဘဲပိုမိုကောင်းမွန်တဲ့ခံစားချက်များကိုအကန့်အသန့်မရှိအပြည့်အဝရရှိသည့်အားသာချက်များဖြင့်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
Apps များအားကြိုက်သလောက်ဒေါင်းလုဒ်ပြုလုပ်နိုင်ပါသလား?
သင့်အနေဖြင့် App များနှင့်ဂိမ်းများအားအရေအတွက်အကန့်အသတ်မရှိစိတ်ကြိုက်ဒေါင်းလုဒ်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
FunHub မှဒေါင်းလုဒ်ပြုလုပ်ထားသော App မှန်းမည်သို့သိရှိနိုင်မလဲ?
FunHub မှဒေါင်းလုဒ်ပြုလုပ်ထားသမျှApp များ၏ icon တိုင်းမှာကိုယ်ပိုင်အမှတ်အသားလေးတွေပါရှိမှာဖြစ်တဲ့အတွက်တခြားနေရာမှဒေါင်းလုဒ်ပြုလုပ်ထားတဲ့ App များနှင့်မှားယွင်းနိုင်မည် မဟုတ်ပါ။
FunHub မှ apps များဒေါင်းလုဒ်ပြုလုပ်ရန်အင်တာနက်လိုအပ်ပါသလား?
ဒေါင်းလုဒ်ပြုလုပ်မှုတိုင်းအတွက်အင်တာနက်ချိတ်ဆက်မှုလိုအပ်ပါတယ်။
FunHub မှဒေါင်းလုဒ်ပြလုပ်ပြီးသော apps များအသုံးပြုရန်အင်တာနက်လိုအပ်ပါသလား?
လိုအပ်ပါတယ်။သို့သော်App များကိုအင်တာနက်မရှိပဲ ၅ခါအထိဝင်ရောက်သုံးစွဲနိုင်ရန်ကန့်သတ်ထားပါသည်။
FunHub ဝန်ဆောင်မှုအား IOS နှင့် Android နှစ်မျိုးလုံးမှာအသုံးပြုနိုင်ပါသလား?
Android ဖုန်းအမျိုးအစားတွင်သာအသုံးပြုနိုင်မည်ဖြစ်ပါသည်။
App များဒေါင်းလုဒ်ပြုလုပ်ခြင်းက လုံး၀အခမဲ့လား(သို့) အကန့်အသတ်ရှိပါသလား။
အခမဲ့ဒေါင်းလုဒ်အတွက်နေ့စဉ်ဒေတာအသုံးပြုခွင့်သတ်မှတ်ချက်ရှိပါတယ်။သတ်မှတ်ထားသောဒေတာသုံးစွဲမှုပမာဏထက်ကျော်လွန်ပါကသင့်အားကျသင့်ငွေကောက်ခံသွားမည် ဖြစ်ပါသည်။
ဝန်ဆောင်မှုအားပယ်ဖျက်နိုင်သောနေရာများ -
- ဝက်ဘ်ဆိုက်ထဲမှ ‘My Account’ နေရာကိုဝင်ပြီး ‘Unsubscribe’ ခလုပ်ကိုနိုပ်ခြင်း
- FunHub မှပို့သည့်မတ်ဆေ့များမှ unsubscribe link သို့ဝင်ကာ ‘Yes’ ခလုပ်ကိုနှိပ်ခြင်းဖြင့်ဝန်ဆောင်မှုအားဖျက်သိမ်းနိုင်ပါတယ်။
- 75457 သို့ OFF ဟု SMS ပေးပို့ခြင်း